Sunday, August 14, 2011
ကျေးဇူးရှင် ဆရာတော် ရှင်ဆန္ဒာဓိက၏ ဆုံးမစာ ...
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊ ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊ စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊ ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊ သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှု မရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။
သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။
Looping In C++
အခြေခံအကျဆုံး သင်ခန်းစာတွေကိုတော့ ကျောင်းဖွင့်ချိန် မမှီမှာစိုးတာရယ် .. သိပြီးသားသူတွေလဲ များမယ်လို့ မျှော်လင့်တာနဲ့ Looping အခြေခံ အကြောင်းကနေပဲ စပြီး ဆွေးနွေးထားတာပါ ... ။ဒီနေ့ looping အကြောင်း ဆွေးနွေးကြည့်ကြမယ် … Loop တွေကို Programming မှာ သုံးရတဲ့ ရည်ရွယ်ချက်က User တွေ အနေနဲ့ အကြိမ်အရေအတွက် တွေကို အမြောက်အမြား generate ထုတ်ပြီး compare လုပ်ချင်သည် ဖြစ်စေ statement တွေ ထပ်ထပ်ပြီး အသုံးချဖို့ Over and over again လုပ်ချင်သည်ဖြစ်စေ ။ ဒါမျိုးတွေ အတွက် User က အကြိမ်အရေအတွက်ကို ပြောပြရုံ ရိုက်ထည့်ရုံနဲ့ လုပ်ပေးနိုင်တဲ့အတွက် Looping ကိုသုံးတယ်လို့ပဲ အလွယ်မှတ်ကြရအောင် .. ။
Loops in C++ are mainly of three types : loop ကို C++ မှာ အဓိက အားဖြင့် အခြေခံ ၃ မျိုးခွဲ ခြားပြီး လေ့လာကြတယ် …
1) ‘while’ loop
2) 'do while' loop
3) 'for' loop တွေပေါ့
ထပ်ပေါင်းပြီး modified လုပ်ထားပေးတဲ့ loop ၂ မျိုး ရှိသေးတယ် အဲဒါတွေက
4) goto
5)switch တွေ ပါ ... switch လို့ပြောလိုက်တာနဲ့ condition တစ်ခုကို ကိုင်ပြီး လိုက်တိုက်ရတဲ့ loop block တခုဖြစ်လို့ အထဲမှာ case condition မပါမဖြစ်လိုပါတယ် ... အဲဒါကြောင့် အမြဲတမ်းမမှားအောင် အသေကျက်ထားတဲ့ အနေနဲ့ switch loop လို့ မမှတ်ဘဲ switch case လို့ပဲ အသေမှတ်ထားလိုက်ကြမယ် ..
looping
looping have as purpose to repeat a statement a certain number of times or while a condition is fulfillled .
User အလိုရှိတဲ့ တိကျတဲ့ အရေအတွက် တခု အတိုင်း statement တွေကို purpose လုပ်ပေးနိုင်မှု က Looping မှာပဲ ရှိတာပါ ... အခု for loop အကြောင်းစပြီး အသေးစိတ်လေး ဆွေးနွေးကြည့်ရအောင် ..
structure of for Loop
for ( initial condition; final condition ; decreasement or increasement) ဆိုတာ for loop ရဲ့ ဖွဲ့စည်းပုံပါ .. အတို ဒီလို မှတ်ထားလဲ ရတယ်
for ( အစအခြေအနေ ; နောက်ဆုံးအခြေအနေ ; တိုးမှာလား လျှော့မှာလား )
ဥပမာ for (i=0; i<10 ; i++) ပေါ့
၁) i=0 ဆိုတာက = i တန်ဖိုး 0 ကနေ စပြီး အလုပ်လုပ်မယ် (loop ပတ်မယ်) ။
၂) i<10 ဆိုတာက = 10 ထက် ငယ်တဲ့ အထိ ပတ်မယ်
၃) i++ ဆိုတာက i တန်ဖိုး ၁ ပေါင်းပြီး တိုးတိုးသွားမယ်
ပရိုဂရမ် အသေးလေး ရေးကြည့်ပြီး နားလည်အောင် လုပ်ကြည့်မယ်
Sunday, January 16, 2011
သဘာဝလွန် မေတ္တာမွန်တဲ့ မေမေ့ရင်ခွင်
စားချင်တဲ့အစားတွေလဲ သူမ မစားတော့ပါ .. သို့သော် သူမကျေနပ်နေသည် .. သွားချင်တဲ့နေရာမှန်သမျှ သူမမသွားတော့ပါ ... သို့သော်သူမ ပျော်ခဲ့သည် .. ၀တ်ချင်တဲ့အ၀တ်တွေလဲ သူမ မ၀တ်ရတော့ပါ ... သို့သော် သူမ ပြုံးလို့နေပါသည် ... ကိုးလလွယ်ဆယ်လဖွားရမည့် .. သူမ ရဲ့သားသမီး အတွက်.... စားချင်တာမစားပဲ ထိန်းခဲ့သည်.. မသွားသင့်သော နေရာများကို မသွားဘဲ .. သူမ စိတ်ကို ချုပ်တည်းရှာသည် ... ဗိုက်ဖုံးအင်္ကျီကားကားကြီးနှင့် ... အလှနှင့် မာနကို ဦးစားမပေးဘဲ .... သားအတွက် ...ဆိုသည့် အတွေးမျိုးနှင့် အနစ်နာတွေခံဝံ့ပါသည် .... တစ်နှစ်တန်ကာလ ချိန်ခါတိုင်အောင် ...အနေ အစား အသွားချုပ်တည်း ရှာသည့် မေမေ၏ မေတ္တာတွေကား ကုန်လွန်၍ သွားမည်လို့မထင်လိုက်ပါနှင့် ... သဘာဝတရားတစ်ခုလုံးကို တွန်းလှန်ပစ်သည်ထိ မေမေ့မေတ္တာတွေက သားအတွက် အံ့ဩလို့မဆုံး ရှိပါတော့သည် မေမေ .. သဘာဝကပေးသော အသွေးအသား၏ အနီရောင်အား သားကိုချစ်သည့်စိတ်ဖြင့် မေမေ က မေတ္တာနို့၇ည် အဖြူရောင် အဖြစ် ပြောင်းပစ်ဝံ့သည် အထိ မေတ္တာ ရှင်မေမေက မေတ္တာ သတ္တိအရာတွင် .... မြင့်မိုရ်တောင်၏ ကြီးမားခန့်ထည်မှုကို ပင်.. လှောင်ပြောင်ရယ်မောပစ်နိုင်ပါသည် .. ဖ၀ါးလက်၂လုံး ပုခုံးလက်၂သစ် ဘ၀ကစ ကာ ပြုစုပျိုးထောင်ခဲ့သော သူမ ၏ မေတ္တာရေစင်သည် ဘ၀တလျှောက်အေးမြလွန်းသည် ... သဘာဝအရ ... ဖေဖေ၏ အေးစက်တည်တံ့တင်းမာမှုများသည် မေမေနှင့်တွေ့လျှင် မြူမှုန်တစ်ခု မကျန် ကင်းစင်ကုန်တော့သည် .. သားရဲ့ရင်ထဲမှာ ဖြစ်ပျက်တတ်သော စိတ်ခံစားမှုအားလုံးကို မေမေနားလည်ပေးတတ်သည် ... တစ်ခါတစ်လေ ပတ်ဝန်းကျင်မှတိုက်ခတ်သော ဘ၀ လေပြေခပ်ပြင်းပြင်းများ မုန်တိုင်းများ ကြားမှ လွင့်ထွက်သည့်အခါ မေမေ က ဆီးကြိုအားပေးတတ်သည် ... မေမေ၏ မေတ္တာမျက်ရည်တစ်စက်သည် .... သားဘ၀အတွက် အားမာန်များဖြစ်သည် .... သူမက တစ်ဘွဲ့ရလျှင် သားကို သူ့ထက်ဘွဲ့ပေါင်းများစွာ မေမေရစေချင်ရှာသည် ... ဘ၀အတွက် ရည်မှန်းချက်တွေအတွက် မေမေ့ရင်ခွင်မှ ခွဲခွာထွက်သော အခါ ... သူမအတွက် အသဲနှလုံးတစ်ခြမ်းခွဲထွက်လိုက်ရသကဲ့သို့ မေမေ့ရင်ဘတ်တွေ အောင့်၍နေမှန်း သူများတွေပြောမှ သိခဲ့ရသည်အထိ မေမေက ဟန်ဆောင်ကောင်းပါသည် ... ၀မ်းနည်းသည့် အမူအရာတစ်စက် မေမေ...မပြပေ...မျက်ရည်တစ်စက်.....မေမေ မကျပေ .... ရင်တွင်း မျက်ရည်များပြည့်နှက်နေသည့်ကြားမှ ပြုံး၍လက်ပြ နှုတ်ဆက်ခဲ့သော အားပေး အပြုံးတစ်စုံနှင့် တက်ကြွနေသော ရွှန်းလဲ့နေသော နှစ်သိမ့် မျက်ဝန်း တစ်စုံတို့သည် ဘယ်နေရာရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် အိမ်မက်လှလှ ရည်မှန်းချက်လှလှ များဆီ အရောက်ပို့ပေးခဲ့သည့် သား အတွက် မေမေ၏ နှလုံးသားနှင့်ရင်းခဲ့သော အားမာန် လှေကားထစ်များ ဖြစ်သည်.... ထိုလှေကားထစ်များ အားပြုရင်း ကြိုးစားခဲ့ပါသည် ... အမှားတွေအများကြီးလုပ်တိုင်း ကြမ်းတမ်းစွား မတုံ့ပြန်တတ်သော အပြစ်ကို သာ ထောက်ပြပေးတတ်သော မေတ္တာနှင့် ပြင်ပေးတတ်သော မေမေသည် ကျနော် ဘ၀အတွက် သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သေးသည် ... အရာအားလုံး ခံစားချက်အားလုံးကို ဖွင့်ပြောခွင့်ရသည်အထိ ခံစားပေး နားလည်ပေးတတ်သော မေမေ ဆိုသည့် မေတ္တာရှင် တစ်ဦးကို ဘ၀တွင် အဆုံးရှုံးမခံနိုင်ပေ ... သားသမီးတိုင်းအတွက် အမေက မရှိမဖြစ်သလို သားအတွက်လဲ မေမေက မရှိမဖြစ်ပါ .... သားသမီးတိုင်းအတွက် အမေက အစားထိုးမရသလို သားအတွက်လဲ မေမေက အစားထိုး မရပါ ...
အမေဟူသည် မျှော်လင့်ချက်တစ်ခု ဖြစ်သည် .. အမေ ဟူသည် ရည်မှန်းချက်အတွက် အားမာန် တစ်ခုလဲ ဖြစ်သည် .... အမေဟူသည် ဘ၀ လှေ အတွက် မေတ္တာ ပဲ့ထိန်း တစ်ခုလည်းဖြစ်သည် ... မေမေ၏ အပြစ်မယူပြုံးတတ်သော နှခမ်းအစုံသည် ... သားရဲ့ ဘ၀ဥယျာဉ်ထဲမှ မေတ္တာပန်းပွင့်များပင် ဖြစ်ပါသည် ... နောင်တစ်ချိန် ဘ၀ရည်မှန်းချက် တွေ ပြည့်စုံသွားချိန် သားတို့တတွေ အပြေးလှမ်းလာသည့်အခါ ... နှစ်ပေါင်းများစွာချုပ်တည်းခဲ့သော မေမေရဲ့ မေတ္တာမျက်ရည်များ စီးပစ်ပါ မေမေ .. ဟန်ဆောင်အားတင်းရလွန်းလို့ နွမ်းလျသွားလျှင် ဖေးမမယ့် သား တွေ ရဲ့ လက်အစုံများ မေမေနားမှာ ရှိတော့မည်သာ

1332 ခုနှစ် တုံရင်း သင်္ဘောပေါ်က အရိုးစု သားအမိ ၂ ဦးကိုကြည့် ၍ မိခင်၏ မေတ္တာအား ဥပမာ ထား ပြ ရသည် ...
မမျှော်မလင့် မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ သဲဆက်ခါမျှ
ကြမာကံဆိုး လွမ်းဇာတ်ပျိုးသည့်
ဖြစ်ရပ် မေတ္တာဆန်းလှသည်..
အရိုးစုမျှ ကြွင်းသော်မှပင်
ဖြစ်လာရင်သွေး သူ့ခလေးအား
ထွေးဆဲပိုက်ဆဲယုယဆဲကို
သဲသဲမဲမဲပြခဲ့သူ
မြေကြီးကလှုပ် လှိုင်းကပုတ်၍
စုတ်တူရေမွှား ဆားပင်ရေခိုး
အကြောင်းဆိုးလဲ
တိုးကာ ကပ်ခါ ဒီအားမန်အား
တစ်ပေါင်းတစ်တွဲပိုက်ထွေးဆဲ

အိုမိခင်.... သင့်ဘေးကင်းရာ ကူးခတ်ပါ၍ လွတ်ရာအဝေး ပြေးနိုင်ပါရက် မပြေးရက်၍ အသက်စတေးလိုက်လျော့သလား ... မိခင်ရယ် ....မိခင်ကိုယ်တိုင် သားလေးကို လွှတ်ချပြီးတော့ လွတ်ရာ အဝေးကို ကူးခတ်ပြေးရင် ပြေးနိုင်ပါရက်နဲ့ ဘာ့အတွက်အသက်စတေး ခံလိုက်ရော့သလား မိခင်ရယ်
အိုမိခင်
ကိုတွင်မချိ အမိသော်လည်း သားတော်ကဲကို ဆွဲကာဆိုထုံး စကားထုံးကို ချေမှုန်း တော်လှန်လိုက်လျော့သလား
မိခင်ရယ်
လောကမှာ မိခင်ရဲ့ မေတ္တာစေတနာကို နားမလည်တဲ့ပုဂ္ဂိုလ်တွေ ထားခဲ့တဲ့ ယုတ္တိမရှိတဲ့ စကားပုံတစ်ခု လောကမှာ ဖြစ်ပေါ်နေတယ် မိခင်...
အဲစကားပုံကတော့
ကိုမချိ အမိသော်လည်း သားတော်ကဲ ကမ္ဘာမီးလောင် သားကောင်ချနင်း
ထိုစကားပုံမှာ အသွား အလာ ရှေ့နောက် မညီ လက်တွေ့မဆန် ယုတ္တိမရှိမှန်း မိခင် က အသက်နဲ့ ရင်းပြီး ပြလိုက်ပါပြီ
ထိုစကားပုံအား ချေဖျက်လိုက်ပါပြီ မိခင်ရယ်
...............
အမေများနေ့ ( မေလ ၉ ရက်နေ့)အတွက် .....
သားကိုချစ်သော အမေအားလုံးကို သတိရတတ်သည့် ... အမေကိုချစ်သော သားအားလုံးတို့၏ ကိုယ်စား ....
love_generator
Subscribe to:
Posts (Atom)
မြန်မာ့စံတော်ချိန်
Blog Archive
About Me
- ကောင်းကင်နီ
- အတောင်ပံကျိုးလို့အားပျက်မပျံသန်း တော့တဲ့ထက်ငှက်ထက် အသက်စွန့်အား ယူပျံသန်းတတ်တဲ့ မရှုံးဇွဲ မလျှော့လုံ့လ မျက်ရည်မဲ့ ၀ီရိယနဲ့ ငှက်မျိုးရဲ့စိတ်ဓါတ်။။။။။
ကြိုက်တာပြောသွား