Sunday, January 16, 2011

PostHeaderIcon သဘာဝလွန် မေတ္တာမွန်တဲ့ မေမေ့ရင်ခွင်

Photobucket

စားချင်တဲ့အစားတွေလဲ သူမ မစားတော့ပါ .. သို့သော် သူမကျေနပ်နေသည် .. သွားချင်တဲ့နေရာမှန်သမျှ သူမမသွားတော့ပါ ... သို့သော်သူမ ပျော်ခဲ့သည် .. ၀တ်ချင်တဲ့အ၀တ်တွေလဲ သူမ မ၀တ်ရတော့ပါ ... သို့သော် သူမ ပြုံးလို့နေပါသည် ... ကိုးလလွယ်ဆယ်လဖွားရမည့် .. သူမ ရဲ့သားသမီး အတွက်.... စားချင်တာမစားပဲ ထိန်းခဲ့သည်.. မသွားသင့်သော နေရာများကို မသွားဘဲ .. သူမ စိတ်ကို ချုပ်တည်းရှာသည် ... ဗိုက်ဖုံးအင်္ကျီကားကားကြီးနှင့် ... အလှနှင့် မာနကို ဦးစားမပေးဘဲ .... သားအတွက် ...ဆိုသည့် အတွေးမျိုးနှင့် အနစ်နာတွေခံဝံ့ပါသည် .... တစ်နှစ်တန်ကာလ ချိန်ခါတိုင်အောင် ...အနေ အစား အသွားချုပ်တည်း ရှာသည့် မေမေ၏ မေတ္တာတွေကား ကုန်လွန်၍ သွားမည်လို့မထင်လိုက်ပါနှင့် ... သဘာဝတရားတစ်ခုလုံးကို တွန်းလှန်ပစ်သည်ထိ မေမေ့မေတ္တာတွေက သားအတွက် အံ့ဩလို့မဆုံး ရှိပါတော့သည် မေမေ .. သဘာဝကပေးသော အသွေးအသား၏ အနီရောင်အား သားကိုချစ်သည့်စိတ်ဖြင့် မေမေ က မေတ္တာနို့၇ည် အဖြူရောင် အဖြစ် ပြောင်းပစ်ဝံ့သည် အထိ မေတ္တာ ရှင်မေမေက မေတ္တာ သတ္တိအရာတွင် .... မြင့်မိုရ်တောင်၏ ကြီးမားခန့်ထည်မှုကို ပင်.. လှောင်ပြောင်ရယ်မောပစ်နိုင်ပါသည် .. ဖ၀ါးလက်၂လုံး ပုခုံးလက်၂သစ် ဘ၀ကစ ကာ ပြုစုပျိုးထောင်ခဲ့သော သူမ ၏ မေတ္တာရေစင်သည် ဘ၀တလျှောက်အေးမြလွန်းသည် ... သဘာဝအရ ... ဖေဖေ၏ အေးစက်တည်တံ့တင်းမာမှုများသည် မေမေနှင့်တွေ့လျှင် မြူမှုန်တစ်ခု မကျန် ကင်းစင်ကုန်တော့သည် .. သားရဲ့ရင်ထဲမှာ ဖြစ်ပျက်တတ်သော စိတ်ခံစားမှုအားလုံးကို မေမေနားလည်ပေးတတ်သည် ... တစ်ခါတစ်လေ ပတ်ဝန်းကျင်မှတိုက်ခတ်သော ဘ၀ လေပြေခပ်ပြင်းပြင်းများ မုန်တိုင်းများ ကြားမှ လွင့်ထွက်သည့်အခါ မေမေ က ဆီးကြိုအားပေးတတ်သည် ... မေမေ၏ မေတ္တာမျက်ရည်တစ်စက်သည် .... သားဘ၀အတွက် အားမာန်များဖြစ်သည် .... သူမက တစ်ဘွဲ့ရလျှင် သားကို သူ့ထက်ဘွဲ့ပေါင်းများစွာ မေမေရစေချင်ရှာသည် ... ဘ၀အတွက် ရည်မှန်းချက်တွေအတွက် မေမေ့ရင်ခွင်မှ ခွဲခွာထွက်သော အခါ ... သူမအတွက် အသဲနှလုံးတစ်ခြမ်းခွဲထွက်လိုက်ရသကဲ့သို့ မေမေ့ရင်ဘတ်တွေ အောင့်၍နေမှန်း သူများတွေပြောမှ သိခဲ့ရသည်အထိ မေမေက ဟန်ဆောင်ကောင်းပါသည် ... ၀မ်းနည်းသည့် အမူအရာတစ်စက် မေမေ...မပြပေ...မျက်ရည်တစ်စက်.....မေမေ မကျပေ .... ရင်တွင်း မျက်ရည်များပြည့်နှက်နေသည့်ကြားမှ ပြုံး၍လက်ပြ နှုတ်ဆက်ခဲ့သော အားပေး အပြုံးတစ်စုံနှင့် တက်ကြွနေသော ရွှန်းလဲ့နေသော နှစ်သိမ့် မျက်ဝန်း တစ်စုံတို့သည် ဘယ်နေရာရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် အိမ်မက်လှလှ ရည်မှန်းချက်လှလှ များဆီ အရောက်ပို့ပေးခဲ့သည့် သား အတွက် မေမေ၏ နှလုံးသားနှင့်ရင်းခဲ့သော အားမာန် လှေကားထစ်များ ဖြစ်သည်.... ထိုလှေကားထစ်များ အားပြုရင်း ကြိုးစားခဲ့ပါသည် ... အမှားတွေအများကြီးလုပ်တိုင်း ကြမ်းတမ်းစွား မတုံ့ပြန်တတ်သော အပြစ်ကို သာ ထောက်ပြပေးတတ်သော မေတ္တာနှင့် ပြင်ပေးတတ်သော မေမေသည် ကျနော် ဘ၀အတွက် သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သေးသည် ... အရာအားလုံး ခံစားချက်အားလုံးကို ဖွင့်ပြောခွင့်ရသည်အထိ ခံစားပေး နားလည်ပေးတတ်သော မေမေ ဆိုသည့် မေတ္တာရှင် တစ်ဦးကို ဘ၀တွင် အဆုံးရှုံးမခံနိုင်ပေ ... သားသမီးတိုင်းအတွက် အမေက မရှိမဖြစ်သလို သားအတွက်လဲ မေမေက မရှိမဖြစ်ပါ .... သားသမီးတိုင်းအတွက် အမေက အစားထိုးမရသလို သားအတွက်လဲ မေမေက အစားထိုး မရပါ ...
အမေဟူသည် မျှော်လင့်ချက်တစ်ခု ဖြစ်သည် .. အမေ ဟူသည် ရည်မှန်းချက်အတွက် အားမာန် တစ်ခုလဲ ဖြစ်သည် .... အမေဟူသည် ဘ၀ လှေ အတွက် မေတ္တာ ပဲ့ထိန်း တစ်ခုလည်းဖြစ်သည် ... မေမေ၏ အပြစ်မယူပြုံးတတ်သော နှခမ်းအစုံသည် ... သားရဲ့ ဘ၀ဥယျာဉ်ထဲမှ မေတ္တာပန်းပွင့်များပင် ဖြစ်ပါသည် ... နောင်တစ်ချိန် ဘ၀ရည်မှန်းချက် တွေ ပြည့်စုံသွားချိန် သားတို့တတွေ အပြေးလှမ်းလာသည့်အခါ ... နှစ်ပေါင်းများစွာချုပ်တည်းခဲ့သော မေမေရဲ့ မေတ္တာမျက်ရည်များ စီးပစ်ပါ မေမေ .. ဟန်ဆောင်အားတင်းရလွန်းလို့ နွမ်းလျသွားလျှင် ဖေးမမယ့် သား တွေ ရဲ့ လက်အစုံများ မေမေနားမှာ ရှိတော့မည်သာ





Photobucket


1332 ခုနှစ် တုံရင်း သင်္ဘောပေါ်က အရိုးစု သားအမိ ၂ ဦးကိုကြည့် ၍ မိခင်၏ မေတ္တာအား ဥပမာ ထား ပြ ရသည် ...

မမျှော်မလင့် မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ သဲဆက်ခါမျှ
ကြမာကံဆိုး လွမ်းဇာတ်ပျိုးသည့်
ဖြစ်ရပ် မေတ္တာဆန်းလှသည်..
အရိုးစုမျှ ကြွင်းသော်မှပင်
ဖြစ်လာရင်သွေး သူ့ခလေးအား
ထွေးဆဲပိုက်ဆဲယုယဆဲကို
သဲသဲမဲမဲပြခဲ့သူ
မြေကြီးကလှုပ် လှိုင်းကပုတ်၍
စုတ်တူရေမွှား ဆားပင်ရေခိုး
အကြောင်းဆိုးလဲ
တိုးကာ ကပ်ခါ ဒီအားမန်အား
တစ်ပေါင်းတစ်တွဲပိုက်ထွေးဆဲ

Photobucket


အိုမိခင်.... သင့်ဘေးကင်းရာ ကူးခတ်ပါ၍ လွတ်ရာအဝေး ပြေးနိုင်ပါရက် မပြေးရက်၍ အသက်စတေးလိုက်လျော့သလား ... မိခင်ရယ် ....မိခင်ကိုယ်တိုင် သားလေးကို လွှတ်ချပြီးတော့ လွတ်ရာ အဝေးကို ကူးခတ်ပြေးရင် ပြေးနိုင်ပါရက်နဲ့ ဘာ့အတွက်အသက်စတေး ခံလိုက်ရော့သလား မိခင်ရယ်
အိုမိခင်
ကိုတွင်မချိ အမိသော်လည်း သားတော်ကဲကို ဆွဲကာဆိုထုံး စကားထုံးကို ချေမှုန်း တော်လှန်လိုက်လျော့သလား
မိခင်ရယ်
လောကမှာ မိခင်ရဲ့ မေတ္တာစေတနာကို နားမလည်တဲ့ပုဂ္ဂိုလ်တွေ ထားခဲ့တဲ့ ယုတ္တိမရှိတဲ့ စကားပုံတစ်ခု လောကမှာ ဖြစ်ပေါ်နေတယ် မိခင်...
အဲစကားပုံကတော့
ကိုမချိ အမိသော်လည်း သားတော်ကဲ ကမ္ဘာမီးလောင် သားကောင်ချနင်း
ထိုစကားပုံမှာ အသွား အလာ ရှေ့နောက် မညီ လက်တွေ့မဆန် ယုတ္တိမရှိမှန်း မိခင် က အသက်နဲ့ ရင်းပြီး ပြလိုက်ပါပြီ
ထိုစကားပုံအား ချေဖျက်လိုက်ပါပြီ မိခင်ရယ်
...............

အမေများနေ့ ( မေလ ၉ ရက်နေ့)အတွက် .....
သားကိုချစ်သော အမေအားလုံးကို သတိရတတ်သည့် ... အမေကိုချစ်သော သားအားလုံးတို့၏ ကိုယ်စား ....
love_generator
Photobucket

0 ယောက် တောင်ဆွေးနွေးသွားကြတယ်:

Post a Comment

အတုမရှိ ဗုဒ္ဓမြတ်စွာ ....

မြန်မာ့စံတော်ချိန်

Blog Archive

About Me

ကောင်းကင်နီ
အတောင်ပံကျိုးလို့အားပျက်မပျံသန်း တော့တဲ့ထက်ငှက်ထက် အသက်စွန့်အား ယူပျံသန်းတတ်တဲ့ မရှုံးဇွဲ မလျှော့လုံ့လ မျက်ရည်မဲ့ ၀ီရိယနဲ့ ငှက်မျိုးရဲ့စိတ်ဓါတ်။။။။။
View my complete profile

ကြိုက်တာပြောသွား

# #